အမေရိကန်သို့ တင်သွင်းလာသော တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကောက်ခွန် တရားလွန် တိုးမြှင့်လိုက်သည်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက ဟောလိဝုဒ်ရုပ်ရှင်များ တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့ (ဧပြီ ၁၀)တွင် ပြောကြားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိအမှတ်ပြု ဝင်ငွေခွဲဝေမှုပုံစံဖြင့် ဟောလီဝုဒ် ရုပ်ရှင်များ စတင်တင်သွင်းခဲ့ရာ တနှစ်လျှင် ရုပ်ရှင် ၁၀ ကား နှစ်စဉ်တင်သွင်းသည်။ အမျိးသား ရုပ်ရှင် ညွှန်ကြားမှု ဦးစီးဌာန National Film Administration NFA က ဌာန၏ တရားဝင်ခဝဘ်ဆိုက်တွင် "ကျွန်ုပ်တို့သည် စျေးကွက်စည်းမျဉ်းများကို လိုက်နာပြီး၊ ပရိသတ်၏ရွေးချယ်မှုများကို လေးစားသဖြင့် အမေရိကန်ရုပ်ရှင်များ တင်သွင်းသည့်အရေအတွက်ကို အတန်အသင့် လျှော့ချပေးမည်" ဟု ဖော်ပြထားသည်။
အမေရိကန်၏ တရားလွန်အခွန်များတိုးမြှင့်လိုက်သည်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက ဟောလိဝုဒ်ရုပ်ရှင်များ တင်သွင်းမှုကို လျှော့ချသွားမည်ပြုပြောကြား
Apr 11 • 3:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


