မတ်လ ၂၈ ရက်က ငလျင်ကြောင့် အနည်းဆုံးအထိခိုက်ခဲ့သော မန်းမြန်မာပလာဇာ မြေညီထပ်စျေးရုံကြီးကို လျှပ်စစ်အန္တရာယ်ကင်းအောင် ပြုပြင်စစ်ဆေးမှုများပြီးစီးသည်နှင့်အမျှ သင်္ကြန်အပြီး ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ကကြေညာသည်။ လျှပ်စစ်စနစ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်းစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းကြောင်း တွေ့ရှိခဲ့ပြီး ဖွင့်ပွဲမတိုင်မီ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။



