မိုးညှင်းမြို့တွင် အတက်ရောဂါရှိသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသား ၃ ဦးနှင့် အားပေးကူညီခဲ့သူ ၁ ဦးတို့ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။မုဒိမ်းမှုကျူးလွန်ခဲ့သူများဖြစ်သည့် အသက် ၆၅ နှစ်အရွယ် ဦးကျော်မိုးလွင်၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမိုးလှဌေးနှင့် အသက် ၆၀ ကျော်အရွယ် ဦးဘိုရဲတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကာအားပေးကူညီသူ ဦးဇော်မြင့်ထွေးကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက် မီးရထားဘူတာတိုက်တန်းတွင် ဈေးဆိုင်များဖွင့်လှစ်ထားသည့် တစ်ရပ်ကွက်တည်းနေ အမျိုးသား ၃ ဦးက အတက်ရောဂါရှိသည့် မိန်းကလေးငယ်အား မုန့်နှင့် ပိုက်ဆံများပေးကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သလိုထိုဖြစ်စဉ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မိသားစုဝင်များကစတင်သိရှိခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် မိုးညှင်းခရိုင်တရားရုံးတွင် ၁၀ လခန့် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၅ခုနှစ်ဧပြီလ ၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
Apr 11 • 2:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


