တောင်ကိုရီးယားသမ္မတသစ်ဖြစ်လာမယ်လို့ သဘောထားစစ်တမ်းတွေမှာ တစ်ပြေးနေတဲ့ အတိုက်အခံခေါင်းဆောင် လီဂျေးမြောင်ဟာ သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ဧပြီလ၁၀ရက်နေမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ဒီဇင်ဘာလအတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို ဖွဲ့စည်းပုံအခြေခံခုံရုံးကလည်း အတည်ပြုပြီးနောက်မှာ သမ္မတသစ်ရွေးရောက်ပွဲကို ဇွန် ၃ ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။မညီမျှမှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကို တိုက်ဖျက်သွားမယ်လို့ လီဂျေးမြောင်က ပြောပါတယ်။ လူမှုရေးအဆင်မပြေမှုတွေရဲ့ အဓိကအရင်းအမြစ်က စီးပွားရေးကျဆင်းမှုဖြစ်ပြီး မကြာသေးမီက စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေတယ်လို့ သူကဆိုပါတယ်။
Apr 10 • 8:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


