ဧပြီလ ၇ ရက်နှင့် ၈ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကံမမြို့နယ် သာဇီရွာလမ်းဆုံ၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၇၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ကံမမြို့နယ်တို့၌ တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၁၆၀၊ ဒီဇယ်ဆီဂါလန် ၆၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၃၀,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ဆိုင်ကယ်ငါးစီးနှင့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၁၅၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉,၇၈၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။
Apr 10 • 7:31 AM
မြန်မာ
မကွေး
မျှဝေမည်
| 43 | 0 | 0 | 0 |


