ဧပြီလ၆ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း၊ အဆင့်မြင့်စျေးမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၄၆၄ တန်၊ အခြားသစ် ၈ ဒသမ ၁၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၃၇,၇၄၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၃၇,၇၄၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။
နေပြည်တော်တွင် လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) ကိုဖမ်းမိခဲ့
Apr 10 • 7:30 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 23 | 0 | 0 | 0 |


