back

မန္တလေးရှိ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေများလိုအပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်ဟုသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှဆို

Apr 10 • 7:20 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးရှိ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေများလိုအပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်ဟုသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှဆို

ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် သောက်သုံးရေများလိုအပ်ပါက နီးစပ်ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသမဝါ...

ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် သောက်သုံးရေများလိုအပ်ပါက နီးစပ်ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရပါတယ်။ငလျင်ဒဏ်သင့်ဒေသတစ်ခုဖြစ်သည့် မန္တလေးတွင် သောက်သုံးရေသန့်များဖြန့်ဝေပေးလျက်ရှိကြောင်း သိရသလို မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများအား လတ်တလော သောက်သုံးရေများ အဆင်ပြေစေရေးအတွက် တစ်နာရီလျှင် သောက်သုံးရေသန့် ဂါလန် (၈၀၀) ဆံ့ သန့်စင်ပေးနိုင်သည့် ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကား နှစ်စီးဖြင့် ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား သောက်သုံးရေသန့်များဖြန့်ဝေ ပေးလျက်ရှိပါတယ်။




news-view-count-icon

29