back

သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ စတုဒီသာအလှူဟာလူအယောက် ၁၀,၀၀၀ စာ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ ဝမ်းစာကို ဖြေရှင်းပေးနိုင်ခဲ့

Apr 10 • 7:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ စတုဒီသာအလှူဟာလူအယောက် ၁၀,၀၀၀ စာ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ ဝမ်းစာကို ဖြေရှင်းပေးနိုင်ခဲ့

သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ စတုဒီသာအလှူဟာဧပြီလ ၁ ရက်နေ့တည်းက နေ့စဉ်တစ်ရက်မပျက်လှူဒါန်းလာခဲ့တာ ၉ ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၉ ရက်ကြာကျွေးမွေးခဲ့ရာ ...

သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ စတုဒီသာအလှူဟာ

ဧပြီလ ၁ ရက်နေ့တည်းက နေ့စဉ်တစ်ရက်မပျက်လှူဒါန်းလာခဲ့တာ ၉ ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၉ ရက်ကြာကျွေးမွေးခဲ့ရာ ခန့်မှန်းခြေ လူအယောက်ပေါင်း ၁၀,၀၀၀ ဝန်းကျင်စာရှိခဲ့ပြီဖြစ်တယ်လို့ ပိုးကြာဖြူခင်ကပြောပါတယ်။ ငလျင်ဘေးသင့်ရာဒေသမှာနေထိုင်တာကြောင့် သူမတို့မိသားစုလည်း ငလျင်ဘေးဒဏ်သင့်တဲ့ထဲပါဝင်ခဲ့ပေမယ့် စတုဒီသာအလှူကိုတော့ တစ်ရက်မပြတ်ကျွေးမွေးခဲ့တာပါ။ ဧပြီလ၉ ရက်ထိ၉ရက်တိုင်တိုင်ကျွေးမွေးပြီးတဲ့နောက်မှာတော့ သူမရဲ့စတုဒီသာအလှူကပြီးဆုံးသွားပြီလို့ဆိုပါတယ်။ လာမယ့်သင်္ကြန်မှာလည်း စတုဒီသာအလှူလုပ်သွားနိုင်အောင်ကြိုးစားမယ်လို့ သူမကပြောပါတယ်။



news-view-count-icon

37