back

အိန္ဒိယစင်တာ၌ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ (ICCR) ၏ (၇၅) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ

Apr 10 • 4:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယစင်တာ၌ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ (ICCR) ၏ (၇၅) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ

ယမန်နေ့ ဧပြီလ ၉ ရက်တွင် အိန္ဒိယစင်တာ၌ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ (ICCR) ၏ (၇၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ အိန္ဒိယအစိုးရမှ...

ယမန်နေ့ ဧပြီလ ၉ ရက်တွင် အိန္ဒိယစင်တာ၌ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ (ICCR) ၏ (၇၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ အိန္ဒိယအစိုးရမှ ၁၉၅၀ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် တည်ထောင်ခဲ့သော Indian Council for Cultural Relations သို့မဟုတ် ICCR (အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ) တည်ထောင်ခြင်း (၇၅) နှစ်မြောက်ခဲ့ပြီဖြစ်သော အဆိုပါ နှစ်ပတ်လည်နေ့သည် အိန္ဒိယနိုင်ငံ၏ တည်တံ့ခိုင်မြဲသော ယဉ်ကျေးမှု အထိမ်းအမှတ် အခမ်းအနား ဖြစ်သလို အိန္ဒိယနှင့် မြန်မာနိုင်ငံ ပေါင်းစည်းပေးသည့် တူညီသောတန်ဖိုးထားမှုများ၏ အထိမ်းအမှတ် အခမ်းအနားလည်း ဖြစ်သည်။ ပြီးခဲ့သော (75) နှစ်အတွင်း ICCR သည် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများနှင့် စံနှုန်းများကို မြှင့်တင်ရန်နှင့် နိုင်ငံ ၄၀ ကျော်ရှိ ၎င်း၏ယဉ်ကျေးမှုစင်တာများမှတစ်ဆင့် အိန္ဒိယနိုင်ငံရှိ နိုင်ငံခြားယဉ်ကျေးမှုများအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သည်။


news-view-count-icon

22