back

ဆန်မှ အသက်ကယ်သွေးပရိုတင်းကို တရုတ်ကုမ္ပဏီထုတ်လုပ်

Apr 10 • 3:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆန်မှ အသက်ကယ်သွေးပရိုတင်းကို တရုတ်ကုမ္ပဏီထုတ်လုပ်

တရုတ်ဇီဝဆေးဝါးကုမ္မဏီတစ်ခုသည် ဆန်မှရရှိသော အယ်လ်ဗျူမင်ဖြင့် သွေးရည်ကြည် အသက်ကယ်ဆေးအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်သည်။ အဆိုပါ အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ လူသားသွေ...

တရုတ်ဇီဝဆေးဝါးကုမ္မဏီတစ်ခုသည် ဆန်မှရရှိသော အယ်လ်ဗျူမင်ဖြင့် သွေးရည်ကြည် အသက်ကယ်ဆေးအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်သည်။ အဆိုပါ အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ လူသားသွေးရည်ကြည် အယ်လ်ဗျူမင် (HSA) ရှားပါးမှုကို သက်သာရာရစေမည်ဟု ဆေးသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန်တွင် အခြေစိုက်သော Healthgen Biotechnology မှ မျိုးဗီဇ အင်ဂျင်နီယာနည်းပညာဖြင့် တီထွင်ခဲ့ခြင်းဖြစ်သည်။ " HSA နှင့် အခြားပရိုတင်းဓာတ်များထုတ်လုပ်ရန် စပါးပင်တွင် လူသားမျိုးဗီဇကို စိုက်ထည့်ရသည်" ဟု Healthgen Biotechnology ဥက္ကဋ္ဌ Yang Daichang က"လောလောဆယ် နှစ်စဉ်ထုတ်လုပ်မှု ၁၀ တန် ရှိပြီး ၂၀၂၆ ခုနှစ်တွင် စက်ရုံအသစ် စတင်လည်ပတ်ပါက စုစုပေါင်း တန်ချိန်  ၁၃၀ ထွက်ရှိလာမှာဖြစ်ပြီး ပြည်ပကတင်သွင်းတဲ့ HSA ရဲ့ ၂၅ ရာခိုင်နှုန်းကို အစားထိုးနိုင်မယ်"လို့ Yang က ဆိုသည်။ ယခုအောင်မြင်မှုသည် ၁၉  နှစ်ကြာသုတေသနပြုမှု၏ရလဒ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ထိပ်တန်းဆေးရုံ ၄၀ ကျော်နှင့် ပူးပေါင်းစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။



news-view-count-icon

20