back

မတ်လတွင် လေယာဉ် ၄၁ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဘိုရင်းကုမ္ပဏီက ကြေညာ

Apr 10 • 3:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

မတ်လတွင် လေယာဉ် ၄၁ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဘိုရင်းကုမ္ပဏီက ကြေညာ

မတ်လတွင် လေယာဉ် ၄၁ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဘိုရင်းကုမ္ပဏီက ကြေညာသည်။ ဇန်နဝါရီလတွင် ၄၅ စီး၊ ဖေဖော်ဝါရီလတွင် ၄၄ စီး ပေးအပ်နိုင်ခဲ့...

မတ်လတွင် လေယာဉ် ၄၁ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဘိုရင်းကုမ္ပဏီက ကြေညာသည်။ ဇန်နဝါရီလတွင် ၄၅ စီး၊ ဖေဖော်ဝါရီလတွင် ၄၄ စီး ပေးအပ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ် ပထမ၃လပတ်တွင် အရောင်းရဆုံး မော်ဒယ် 737 MAX ၁၀၄ စီးအပါအဝင် စုစုပေါင်း အစီး ၁၃၀ ပေးအပ်နိုင်ခဲ့သည်။ ဥရောပမှ အဲဘတ်စ်သည် မတ်လတွင် ၇၁ စီး ပေးအပ်ခဲ့သည်။ ယခုနှစ် ပထမ၃လပတ်တွင် ၁၃၆ စီး ပေးအပ်နိုင်ခဲ့သည်။ ဘိုးရင်းသည် မတ်လတွင် အမှာစာ ၁၉၂ စီး ရရှိခဲ့ပြီး ၂၉ စီး အမှာစာ ရုပ်သိမ်းသဖြင့် အသားတင် ၁၆၃ စီး အမှာစာ ရရှိသည်။ ၎င်းအမှာစာများတွင် 737 MAX ၈၈ စီး ပါဝင်ပြီး ယင်းတို့အနက် အစီး ၅၀ သည် စင်ကာပူ အခြေစိုက် လေယာဉ်အငှားကုမ္ပဏီ BOC Aviation ထံမှ အမှာစာဖြစ်သည်။ Japan Airlines မှ ၁၇ စီး မှာကြားသည်။ ကျန် ၂၁ စီးအတွက် အမှာစာ ပေးအပ်သည့် ကုမ္ပဏီများကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။



news-view-count-icon

20