တရုတ်နိုင်ငံကလွဲပြီး ကမ္ဘာ့နိုင်ငံတွေအပေါ် အပြန်အလှန်အခွန်ကောက်ခံမှုကို ရက် ၉၀ ကြာ ဆိုင်းငံ့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲဟာ ပိုမိုပြင်းထန်လာပါတယ်။ တရုတ်သွင်းကုန်တွေကိုတော့ အခွန် ၁၂၅ ရာခိုင်နှုန်းထိ ကောက်ခံမှာဖြစ်ပြီး တရုတ်နိုင်ငံကလည်းက အမေရိကန်သွင်းကုန်တွေကို အခွန် ၈၄ ရာခိုင်နှုန်းကောက်မယ်လို့ လက်တုံ့ပြန်ကြေညာခဲ့ပါတယ်။အခွန်ကောက်ခံမှု ဆိုင်းငံ့မယ့် ကိစ္စကို ဒေါ်နယ်ထရန့်က ကြေညာပြီးနောက်မှာ အာရှနဲ့ ပစိဖိတ်ဒေသရှိ စတော့ရှယ်ယာစျေးကွက်တွေလည်း ခုန်တက်သွားပါတယ်။ ဂျပန်စတော့ရှယ်ယာစျေးကွက်ဟာ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်စတော့စျေးကွက်လည်း အမြတ်အစွန်းတွေရရှိခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ အပြန်အလှန်အခွန်တိုးကောက်မှုတွေ ပြုလုပ်နေပြီး ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာ
Apr 10 • 3:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


