၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရန်ကုန်ဈေးကွက်အတွင်း CP ကြက်၊ ကြက်နီမနှင့် ဗမာကြက်သားဈေးနှုန်းများ မြင့်တက်လာပြီး အကောင်လိုက်ဝယ်ယူသူများ များလာကြောင်းသိရသည်။ CP ကြက်တစ်ကောင်ဈေး ၁၅,၀၀၀ ကျပ်အထက်ရှိပြီး တစ်ဆယ်သား ၂,၀၀၀ ကျပ်ဖြင့်လည်း ရောင်းချနေသည်။ ကြက်နီမများသည် တစ်ကောင် ၁၇,၀၀၀ မှ ၁၈,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ဗမာကြက်များအတွက် ဈေးနှုန်းသည် ၃၀,၀၀၀ မှ ၃၃,၀၀၀ ကျပ်အထိ ရှိနေသည်။ ဗမာကြက်သည် စားသုံးသူနှစ်သက်မှုကောင်းလေ့ရှိ၍ ဧပြီလအစောပိုင်းတွင်တင် ၂၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ကောင်းခဲ့ကြောင်း တွေ့ရသည်။



