back

ငလျင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်

Apr 10 • 2:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်

မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင...

မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်တို့ဆွေးနွေးခဲ့ကြသည်။ဝန်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား ယမန်နေ့ ဧပြီ ၉ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။တွေ့ဆုံစဉ် ငလျင်ဘေးသင့်ပြည်သူများကို ကူညီပံ့ ပိုးပေးနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းပြီးစာနာထောက်ထားမိသည်ဟု ပြောကြားခဲ့သည်။


news-view-count-icon

18