ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက MNL Cup မှာ နိုင်ငံခြားသားကစားသမားတွေ ခေါ်ယူအသုံးပြုခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်ကို ရှုံးပြီးနောက် ဂျာမနီလူမျိုးနည်းပြအပါအဝင် နိုင်ငံခြားသားကစားသမား အားလုံးနဲ့ လမ်းခွဲခဲ့ကာပြီးခဲ့တဲ့ ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ်အဆင့်-၂ နဲ့ ရာသီသိမ်းခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့် ဘောလုံးရာသီသစ်အတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေရာမှာ နိုင်ငံခြားသားကစားသမားတစ်ချို့ပါဝင်နေတာကို မြင်တွေ့ရပြီးနိုင်ငံခြားသားကစားသမားခေါ်ယူမှုကို အသင်းအနေနဲ့ တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးတာကြောင့် ကစားသမားတွေရဲ့ နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုမှုအခြေအနေကိုတော့ သိရှိရခြင်းမရှိသေးဘဲ လေ့ကျင့်ရေးမှာ မြင်တွေ့ရတဲ့ ကစားသမားတွေထဲမှာ အာရှကစားသမား (ဂျပန်နိုင်ငံသားဖြစ်ဖွယ်ရှိ) တစ်ဦးလည်းပါဝင်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီက သွင်းဂိုး ၁၁ဂိုးအထိ ရရှိခဲ့တဲ့ ဒဂုံပေါ့ပ်အသင်းက ကင်မရွန်းတိုက်စစ်မှူး မိုဂူကိုလည်း ရန်ကုန်ယူနိုက်တက်လေ့ကျင့်ရေးမှာ ပါဝင်နေတာ မြင်တွေ့ရပါတယ်။ 
Apr 10 • 1:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


