မြန်မာ့ငလျင်ဘေးသင့်ဒေသများရှိ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်းနည်းစနစ်များဖြင့် ပြုစုနိုင်စေရန်၊ ပြည်သူလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားစေရန်အတွက် ရည်ရွယ်ကာ ရှေးဦးပြုစုခြင်း သင်တန်း အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲကို အသင်းရန်ကုန်ရုံးခွဲတွင်ဧပြီလ၉ရက်ကဖွင့်လှစ်ခဲ့ရာ အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခမဲ့ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တစ်ရက်တာ ဖွင့်လှစ်သည့် သင်တန်းသို့ လူမှုကရုဏာလုပ်ငန်းကို စိတ်ဝင်စားသည့် သင်တန်းသား/သူ( ၂၆)ဦး တက်ရောက်ခဲ့ပါတယ်။ သင်တန်းအပတ်စဉ်(၂)ကို ဧပြီလ(၁၁)ရက် ၊ အပတ်စဉ်(၃)ကို ဧပြီလ (၂၂)ရက်နှင့် အပတ်စဉ်(၄)ကို ဧပြီလ(၂၅)ရက်နေ့တို့တွင် ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။



