ဧပြီလ(၇)ရက်နေ့က လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငလျင်ဘေးဒဏ်ကြောင့် သောက်ရေအခက်အခဲရှိသည့်မဟာစည်ရိပ်သာဘုန်းကြီးကျောင်းဝန်းအတွင်းမှယာယီနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁၄၄)စုအတွက် သောက်ရေလီတာ(၂၀၀၀) ကို ဖြန့်ဖြူးပေးခဲ့ပါတယ်။ကြက်ခြေနီအသင်းအနေဖြင့်လည်း သောက်ရေလိုအပ်လျက်ရှိသည့်နေရာများသို့ ရေများဆက်လက်ဖြန့်ဝေနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိပါတယ်။



