ပြည်တွင်း၌ ဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ဒုဌဝတီမြစ်တံတားကျိုးကျမှုမှာ ဆိုင်ကယ်နဲ့အတူ ရေထဲမျောကာ တိမ်းပါးခဲ့ရတဲ့ သမီးဖြစ်သူအတွက် တစ်လပြည့် ဆွမ်းကပ်လေးလုပ်ချင်ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဘောလုံးသမားဟောင်းတစ်ဦး အခက်တွေ့နေရတယ်လို့ မြန်မာ့လက်ရွေးစင်နောက်ခံလူ သီဟထက်အောင်က ပြောပါတယ်။သားအဖနှစ်ယောက်ဆိုင်ကယ်နဲ့ တံတားပေါ်ရောက်နေချိန်မှာ ငလျင်ကြောင့် တံတားကျိုးကျပြီး သမီးလေးနဲ့ ဆိုင်ကယ်မျောပါသွားတာကို တစ်ဦးတည်းလိုက်လံရှာဖွေခဲ့ပြီးနောက် ရုပ်အလောင်းကိုတော့ ပြန်လည် ရရှိခဲ့ပြီလို့သိရပါတယ်။ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ ကိုဇော်ထက်ဟာ စစ်ကိုင်းမြို့၊ ပုလဲဖြူဘောလုံးအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ နေအိမ်ပြိုကျပျက်စီးခဲ့သလို ဆိုင်ကယ်ရော ဖုန်းပါ ဆုံးရှုံးထားရလို့ အလုပ်အကိုင်လည်း အဆင်မပြေဖြစ်နေပါတယ်။ 
Apr 10 • 12:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


