၂၀၂၅ သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် လေဖိအား၊ လေပွေသံများနှင့် အပူပျံတက် တိမ်များကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်နိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။ အထူးသဖြင့် ဧပြီ ၇ မှ ၁၄ ရက်အထိ တိုင်းနဲ့ ပြည်နယ်များစွာတွင် မိုးလေဝသအန္တရာယ်ဖြစ်နိုင်ခြေရှိနေသဖြင့် ပြည်သူများနှင့် ခရီးသွားသူများအနေဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။



