၂၀၂၅-၂၆ စာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းများမှ ဝင်ကြေးနှင့် ကျောင်းလခများကို ပြီးခဲ့သည့်နှစ်ထက် ပိုမိုတိုးမြှင့်ကောက်ခံလာရာ မိဘများအနေဖြင့် စွမ်းဆောင်နိုင်မှုကိုကျော်လွန်လာနေကြောင်း သိရသည်။ အငယ်တန်းတင် ကျောင်းဝင်ကြေး ၇ သိန်းနှင့် တစ်နှစ်စာ ကျောင်းလခ ၂၅ သိန်းအထိကောက်ခံလာကြောင်း၊ တချို့ကျောင်းများက တစ်ခါတည်းပေးချေရန် တောင်းဆိုနေသည့်အခြေအနေများလည်း ရှိနေပြီး အခြေခံလူတန်းစား မိဘများအတွက် ပိုမိုဖိစီးမှု ဖြစ်လာကြောင်း သတင်းများဖော်ပြထားသည်။



