ထိုင်းနိုင်ငံသည် ဘုရင်မိသားစုကို အသရေဖျက်မှုဖြင့် အမေရိကန်နိုင်ငံသား တက္ကသိုလ်ကထိက ပေါလ် ချမ်ဘာစ်ကို ဖမ်းဆီးခံရပြီး ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသော ဥပဒေဖြင့် ယမန်နေ့ (ဧပြီ ၈) ရက်က တရားစွဲဆိုခံထားရသည်။ သူသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော် နေထိုင်လာခဲ့သူဖြစ်ပြီး ထိုင်းတရားရုံးက သူ၏ အာမခံလျှောက်ထားမှုကို ၂ကြိမ် ပယ်ချပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ကွန်ပျူတာရာဇဝတ်မှုဥပဒေကို ချိုးဖောက်မှုဖြင့်လည်း သူ့ကို တရားစွဲဆိုထားသည်။ ချမ်ဘာစ်သည် ထိုင်းမြောက်ပိုင်း ဖစ်ဆန်နုလွခ်ပြည်နယ်ရှိ နာရီဆွန်တက္ကသိုလ်တွင် ကထိကနှင့် နိုင်ငံတကာရေးရာဆိုင်ရာ အထူးအကြံပေးတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီး နပိသာ ဝေထိုကီယတ်သည်လည်း ထိုတက္ကသိုလ်၌ပင် လူမှုရေးသိပ္ပံဌာန၏ ဌာနမှူးဖြစ်သည်။



