ထိုင်ဝမ်အရှေ့မြောက်ပိုင်းတွင် ဧပြီ ၉ ရက် ယနေ့တွင် ရစ်တာစကေး ၅ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့(USGS) က ပြောကြားခဲ့ပြီး မြို့တော် တိုင်ပေတွင် အဆောက်အအုံများ တုန်ခါခဲ့သည်ဟု သိရသည်။ တိုင်ပေအနီး ယီလန်စီရင်စုနယ်မြေတွင် အနက် (၇၀) ကီလိုမီတာနီးပါးခန့်မှ ငလျင်လှုပ်ခတ်သွားခဲ့ခြင်းဟု USGS က ဆိုသည်။ လတ်တလောတွင် ပျက်စီး ထိခိုက်မှု သတင်းများမရသေးဟု ယီလန်မီးသတ်အာဏာပိုင်များက ပြောကြားထားသည်။



