back

အာဆင်နယ်နှင့် ဒုတိယအကျော့အတွက် ယုံကြည်မှုရှိရန်လိုဟု အမ်ဘာပေ ပြော

Apr 09 • 1:55 PM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်နှင့် ဒုတိယအကျော့အတွက် ယုံကြည်မှုရှိရန်လိုဟု အမ်ဘာပေ ပြော

အာဆင်နယ်နဲ့ ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှုရှိနေဖို့ လိုအပ်ကြောင်း တိုက်စစ်မှူး အမ်ဘာပေက ပြောသွားပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်...

အာဆင်နယ်နဲ့ ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှုရှိနေဖို့ လိုအပ်ကြောင်း တိုက်စစ်မှူး အမ်ဘာပေက ပြောသွားပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးပေါက်ကန်ချက် ၃ ကြိမ်သာ ရရှိခဲ့တာပါ။ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ ကျန်ရှိသေးတာကြောင့် အဆုံးအထိ ယုံကြည်မှုရှိနေဖို့ လိုအပ်ကြောင်း အမ်ဘာပေက သူ့ရဲ့အင်စတာဂရမ်ကနေ ရေးသားခဲ့တာပါ။ ချန်ပီယံလိဂ်မှာ ၃ ဂိုးနဲ့အထက်နဲ့ အနိုင်ရထားပေမဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်တဲ့ အသင်းတွေလည်း သာဓကရှိခဲ့ဖူးပါတယ်။



news-view-count-icon

12