ဘိတ်တန်းရပ်ကွက်ဟာ အမြန်လမ်း- တံတားဦးနဲ့ မန္တလေးကြားမှာ ရှိပြီး၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဒုဌဝတီမြစ်ကူးတံတားဘေးနားမှ ကမ်းနားရွာတစ်ရွာ ဖြစ်ပါတယ်။ငလျင်ကြောင့် အိမ်ခြေ ၁၄ အိမ်ပြိုကျပြီး၊ အသက်ဆုံးရှုံးသူ ၃၇ ဦးထိရှိကြောင်းနဲ့ အိမ်ထောင်စု ၁၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။



