မုံရွာက စာရေးဆရာတွေဟာ ငလျင်ဘေးသင့် စစ်ကိုင်းမြို့က စာရေးဆရာအယောက် ၂၀ ကျော်အတွက် စာပေ ချစ်မြတ်နိုးသူ ရဟန်းရှင်လူတွေရဲ့ လှူဒါန်းငွေတွေကို ဧပြီ ၆ ရက်က သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါ တယ်။ စာပေချစ်မြတ်နိုးသူ ရဟန်းရှင်လူတွေရဲ့ လှူဒါန်းငွေ ကျပ် ၇၃ သိန်းကျော်ကို စစ်ကိုင်းနဲ့မန္တလေးမြို့တွေက ငလျင်ဘေးသင့် စာရေးဆရာတွေကို သွားရောက်ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ငလျင်ကြောင့် ကွယ်လွန်သွားကြသူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ သောကရောက်မိပြီး တတ်နိုင်သလောက် ဘုရားရှိခိုး မေတ္တာပို့ရင်းနဲ့ အမျှအတမ်းပေးဝေနေတယ်လို့ စစ်ကိုင်းမြို့က ငလျင်ဒဏ်သင့် ကာတွန်းဆရာတစ် ယောက်က ပြောပါတယ်။



