တနင်္သာရီမြို့နယ်အတွင်းရှိ ခဲလုပ်ကွက်များကြောင့် ယခုနှစ်တွင် ရေချိုခရုရှားပါးလာပြီး ဈေးမြောက်လာကြောင်း ခရုငုပ်ဖမ်းဆီးသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ခဲလုပ်ကွက်များ များလာသည့်အတွက် တနင်္သာရီမြစ်နှင့် အခြားမြစ်ချောင်းများတွင် ရေနောက်ကျိလာပြီး ရေချိုခရုဖမ်းဆီးရမိမှု လျော့ကျသွားခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ခရုငုပ်ပြီး ဖမ်းဆီးနေသူတစ်ဦးက ဆိုသည်။တနင်္သာရီမြို့နယ်ရှိ ဘန်းသဲ၊ ကျောက်မီးကျောင်း၊ မြေမအုံ၊သကျက်ချောင်းဝ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ရေချိုခရုများရှားပါးလာခြင်းဖြစ်သည်။



