ဧပြီလ ၉ရက် နေ့သတင်းေကြငြာချက်အရ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော်မြေခ၊ ဌာပနာပစ္စည်းများအား လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဝန်ထမ်းများက ရှာဖွေတွေ့ရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထီးတော်ရှိ စိန်ဖူးတော်မြေခ၊ ဌာပနာပစ္စည်းများအား တပ်မတော်သားနှင့် ဝန်ထမ်းများက ရှာဖွေတွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံ၊ ယနေ့အထိ စုစုပေါင်း ရတနာပစ္စည်းမျိုးစုံ ၁,၂၅၀ မျိုး၊ (၂၀၇ ကျပ်သား၊ ၃ ပဲ၊ ၇ ရွေး) ရှာဖွေတွေ့ရှိခဲ့
Apr 09 • 11:43 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 15 | 0 | 0 | 0 |


