ဧပြီလ ၈ရက်နေ့ သတင်းကြေငြာချက်အရ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေနေမှုအား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ရုံးအဆောက်အအုံများနှင့် ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေများဖြန့်ဝေနေမှု ကြည့်ရှုစစ်ဆေး
Apr 09 • 11:13 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 14 | 0 | 0 | 0 |


