ဧပြီ ၈ရက်နေ့ သတင်းကြေငြာချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗလသိဒ္ဓိရပ်ကွက် ဘောလုံးကွင်းအတွင်းရှိ ယာယီတည်းခိုရေးစခန်း၌ နေထိုင်နေသည့် သဘာဝမြေငလျင်ဘေးဒဏ်ခံစားခဲ့ရသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက် ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ယာယီတည်းခိုရေးစခန်း ကြီးကြပ်ရေးတာဝန်ခံများအား ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ယာယီတည်းခိုရေးစခန်းတွင် နေထိုင်နေသည့် ဝန်ထမ်း၊ မိသားစုဝင်များအား တွေ့ဆုံအားပေး
Apr 09 • 11:12 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 15 | 0 | 0 | 0 |


