back

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကန့်ကူကျေးရွာတွင် အမျိုးသားများ အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွား

Apr 09 • 7:37 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကန့်ကူကျေးရွာတွင် အမျိုးသားများ အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာမှ ဓားဖြင့်ခုတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကန့်ကူကျေးရွာတွင် အမျိုးသားများ အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသား (၃) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ ...

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကန့်ကူကျေးရွာတွင် အမျိုးသားများ အရက်အတူတူသောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသား (၃) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ ဧပြီလ ၇ ရက်နေ့တွင် ကန့်ကူကျေးရွာရှိ ဇော်နိုင်၏ ခြံဝန်းထဲတွင် ၎င်းအပါအဝင် ထက်နိုင်ဦးနှင့် စန်းထက်အောင်တို့ အရက်အတူတူသောက်ရင်း ထက်နိုင်ဦးနှင့် စန်းထက်အောင်တို့ (၂) ဦးမှာ မီးသွေးဖို ထင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ဖြစ်စကားများပြီးနောက် စန်းထက်အောင်မှာ ၎င်း၏နေအိမ်သို့ ပြန်ပြီး အရိုး (၁၀) လက်မ၊ အသွား (၁၁)လက်မခန့်၊ ဗျက် (၁)လက်မခွဲရှိ ဓားမအား ကိုင်ဆောင်ပြီး ထိုခြံဝန်းထဲသို့ ပြန်သွားပြီး ဇော်နိုင်နှင့် ထက်နိုင်ဦးတို့ကို ဓားဖြင့်ခုတ်ခဲ့ရာမှ ဓားခုတ်ခံရသည့် ဇော်နိုင်မှာ ဘယ်ဘက်လက်ဖျံပြတ်ရှဒဏ်ရာ (၁) ချက်(မစိုးရိမ်ရ)၊ ထက်နိုင်ဦးမှာ ညာ ဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်လက်ဖျံပြတ်ရှဒဏ်ရာ (၁) ချက်တို့မှာ စိုးရိမ်ရကြောင်း၊ စန်းထက်အောင်တွင်လည်း အချင်းချင်းလုံးထွေးရာမှ ရရှိခဲ့သည့် ဘယ်ဘက်မျက်ခုံး ဖူးရောင် ဒဏ်ရာ (၁)၊ ညာဘက် လက်မောင်း ပွန်းခြစ်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ဖြစ်ကာအဆိုပါကျူးလွန်သူ စန်းထက်အောင်ကို ဥသျှစ်ပင်နယ်မြေရဲစခန်း၏ (ပ)၃၁/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။



news-view-count-icon

27