back

ပြည်တွင်း၌ အင်အားပြင်း ငလျင်ကြောင့်မြေလွှာအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး အမြန်လမ်း တံတားတွေမှာ အပေါ်ယံ လမ်းပြန်ခင်းလိုက်တာနဲ့ သွားလို့ရပေမဲ့ တန်များတဲ့ကားတွေ မဖြတ်သင့်သေးဘူးလို့ ပညာရှင်တစ်ချို့ကဆို

Apr 09 • 7:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ အင်အားပြင်း ငလျင်ကြောင့်မြေလွှာအက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး အမြန်လမ်း တံတားတွေမှာ အပေါ်ယံ လမ်းပြန်ခင်းလိုက်တာနဲ့ သွားလို့ရပေမဲ့ တန်များတဲ့ကားတွေ မဖြတ်သင့်သေးဘူးလို့ ပညာရှင်တစ်ချို့ကဆို

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းတွေဖြစ်ပေါ်လာမှုဟာ ၉ မိုင်ခန့်ရှိတယ်လို့ သိရပြီး အနည်းဆုံး ၂ပေကနေ ၁၅ ပေခန့်အထိ မြေသားတွေ အံလွဲသွ...

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းတွေဖြစ်ပေါ်လာမှုဟာ ၉ မိုင်ခန့်ရှိတယ်လို့ သိရပြီး အနည်းဆုံး ၂ပေကနေ ၁၅ ပေခန့်အထိ မြေသားတွေ အံလွဲသွားတယ်လို့ GeoMap-Myanmar ရဲ့ထုတ်ပြန်ထားချက်ကို ကိုးကားပြီး ပြင် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ဘေးတိုက်အရွေ့များတဲ့ ပြတ်ရွေ့ အမျိုးအစားတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့က မင်းဝံတောင်ခြေရှိ ရေခါးအင်းရွာတစ်ဝိုက်မှာ အဓိကပြတ်ရွေ့အဖြစ် ရွေ့လျားသွားခဲ့ပြီး မြေလွှာအက်ကွဲကြောင်းတွေ ဖြစ်ပေါ် ခဲ့တာဖြစ်တယ်လို့ ပညာရှင်တစ်ချို့က သုံးသပ်ပြောဆိုခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့တွေ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူတွေအားလုံးကို မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦးပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်လို့ သတိထားကြဖို့လည်း အသိပေးထားပါတယ်။မြေပြင်လေ့လာမှုတွေအရနဲ့ ဘူမိဗေဓဘာသာရပ်အရ အရည်ပျော်ခြင်း (Liquefaction) ကြောင့် တစ်ချို့နေရာတွေ မြေသားတည်ငြိမ်မှုမရှိသေးလို့ အမြန်လမ်း တံတားတွေမှာ အပေါ်ယံ လမ်းပြန်ခင်းလိုက်တာနဲ့ သွားလို့ရပေမဲ့ တန်များတဲ့ကားတွေ မဖြတ်သင့်သေးဘူးလို့ ပညာရှင်တစ်ချို့က ပြီးခဲ့တဲ့ ဧပြီ ၅ ရက်က သတိပေးထားပါတယ်။



news-view-count-icon

18