back

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ‌နေပြည်တော်တွင် ကျင်းပ

Apr 09 • 7:17 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ‌နေပြည်တော်တွင် ကျင်းပ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ဧပြီလ၈ရက် မွန်းလွဲပိုင်းတွင် အမျိုးသားသ...

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ဧပြီလ၈ရက် မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ နေပြည်‌ေတာ်ရှိသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပခဲ့ပါတယ်။ရုံးများ ပြုပြင်ဆဲကာလတွင် ယာယီရုံးများဖွင့်လှစ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အဆင့် ၃ မျိုး အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်ဟူ၍ ခွဲခြားစစ်ဆေးပေးမည်ဖြစ်ကြောင်း၊ ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို အင်ဂျင်နီယာကျွမ်းကျင်သူများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားပြုပြင်နေထိုင်နိုင်သည့် အပြာရောင်အဆင့် ဝန်ထမ်းအိမ်ရာများကို ငလျင်ဒဏ်ခံနိုင်အောင်ပြုပြင်ပြီး ဝန်ထမ်းမိသားစုများ ပြန်လည်နေရာချထားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပါတယ်။



news-view-count-icon

18