back

တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ Y-20 အမျိုးအစားလေယာဉ်လေးစီးဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာ

Apr 09 • 6:58 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ Y-20 အမျိုးအစားလေယာဉ်လေးစီးဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့ ရဲ့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံမှ Y-20 အမျိုးအစားလ...

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့ ရဲ့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံမှ Y-20 အမျိုးအစားလေယာဉ်လေးစီးဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။အဆိုပါအဖွဲ့တွင် China International Search and Rescue Team (CISAR) (Beijing) Chinese Blue Sky Search and Rescue & Hong Kong China Search and Rescue Team တို့ ပါဝင်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးနှင့် ပထမဆုံးရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သလို တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှုစိတ်ထားဖြင့် နေ့၊ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ကို ရှာဖွေထုတ်ယူပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုများထံ အပ်နှံပေးနိုင်ခဲ့ပါတယ်။



news-view-count-icon

15