back

ရန်ကုန်- မန္တလေး အမြန်လမ်း (၁၆၅) မိုင် အနီးတွင်ရှိသော ဆွာချောင်းတံတားအားယနေ့ ဧပြီ (၉) ရက်နေ့မှ စတင်၍ တန်(၂၀)မော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ

Apr 09 • 6:17 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်- မန္တလေး အမြန်လမ်း (၁၆၅) မိုင် အနီးတွင်ရှိသော ဆွာချောင်းတံတားအားယနေ့ ဧပြီ (၉) ရက်နေ့မှ စတင်၍ တန်(၂၀)မော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ

ရန်ကုန်- မန္တလေး အမြန်လမ်း (၁၆၅) မိုင် အနီးတွင်ရှိသော ဆွာချောင်းတံတားအား ယနေ့ ဧပြီ (၉) ရက်နေ့မှ စတင်၍ တန် (၂၀) မော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်...

ရန်ကုန်- မန္တလေး အမြန်လမ်း (၁၆၅) မိုင် အနီးတွင်ရှိသော ဆွာချောင်းတံတားအား ယနေ့ ဧပြီ (၉) ရက်နေ့မှ စတင်၍ တန် (၂၀) မော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ဧပြီလ၇ရက်တွင်ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားခဲ့မှု အခြေအနေများ၊ အသွားလမ်း ပေ (၈၁၀) ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုP7 ကို ဗဟိုထား၍ နှစ်လွှာတစ်ထပ် ယာယီ ဘေလီတံတားပေ (၁၉၀) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေပေ (၄၀) သုံးလွှာသုံးထပ် ဘေလီငြမ်းထောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများမှကြည့်ရှု စစ်ဆေးခဲ့ရာ လက်ရှိတွင် အဆိုပါ ဆွာချောင်းတံတား ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မှုများအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ဧပြီလ (၇) ရက်နေ့အထိ ငါးတန်အောက် ယာဉ်များသာ သွားလာနိုင်သော်လည်း ယနေ့ ဧပြီလ (၉) ရက်မှ စတင်၍ တန် ( ၂၀) မော်တော်ယာဉ်ကြီးများ စတင် ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ပါတယ်။



news-view-count-icon

21