မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းသည် ငလျင်သင့်ဒေသများသို့ သွားရောက်၍ ကျပ်သိန်း တစ်ထောင်ခန့်နှင့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။စားနပ်ရိက္ခာများ ပေးအပ်လှူဒါန်းရာ၌ ဆန် (၆) ပြည်ပါ အိတ်အရေအတွက် (၄၆၀)အိတ်၊ သောက်ရေသန့်ကတ် (၁,၀၀၀) ခန့်အပါအဝင် ခေါက်ဆွဲခြောက်၊ ကြက်ဥ နှင့် အဝတ်အထည်များ လှူဒါန်းခဲ့ပြီးဖြစ်ရာအဆိုပါ လှူဒါန်းမှုသည် ၎င်း၏ သူငယ်ချင်းမိတ်ဆွေများနှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် အမှန်တကယ်လိုအပ်နေသော ဒေသများသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။



