ကချင်ပြည်နယ် လိုင်ဇာမြို့ ဂျေယန့်ဒုက္ခသည်စခန်းမှ ကလေးသုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူ တရားခံ ကို တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ကျူးလွန်ခဲ့သူ အသက် (၂၅)နှစ်အရွယ် အုန်းဆောင်ဒွဲအောင်ကို ပုဒ်မ ၆ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။အုန်းဆောင်ဒွဲအောင်သည် ၂၀၂၂ ခုနှစ်တွင် လက်နက်ခဲယမ်း တရားမဝင်ရောင်းချမှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်ပြီး ဆယ်ရက်ကျော်အကြာတွင် ယခုလူသတ်ပြန်ပေးဆွဲမှုကို ပြန်လည်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် လိုင်ဇာမြို့ ဂျေယန့်ဒုက္ခသည်စခန်းမှကလေးသုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံကို တရားရုံးက သေဒဏ်ချမှတ်
Apr 09 • 5:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


