back

မြန်မာနိုင်ငံတွင် နွေဦးပန်းဖြစ်သည့် ကံ့ကော်ပန်းများ ယခုနှစ်တွင် ထူးထူးခြားခြားပွင့်ကာ စျေးထဲယခင်ထက်ရောင်းချသူများလာ

Apr 09 • 5:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် နွေဦးပန်းဖြစ်သည့် ကံ့ကော်ပန်းများ ယခုနှစ်တွင် ထူးထူးခြားခြားပွင့်ကာ စျေးထဲယခင်ထက်ရောင်းချသူများလာ

မြန်မာ့တန်ခူးလရာသီ ရောက်လာသည်နှင့်အမျှ နွေဦးပန်းဖြစ်သည့် ကံ့ကော်ပန်းများ ပွင့်အားကောင်းလာခဲ့ပြီး ကံ့ကော်ပန်းရောင်းချသူများ ယခင်ထက် ပိုများလာကြောင်း ပန်းဈေးကွက်အ...

မြန်မာ့တန်ခူးလရာသီ ရောက်လာသည်နှင့်အမျှ နွေဦးပန်းဖြစ်သည့် ကံ့ကော်ပန်းများ ပွင့်အားကောင်းလာခဲ့ပြီး ကံ့ကော်ပန်းရောင်းချသူများ ယခင်ထက် ပိုများလာကြောင်း ပန်းဈေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်နှင့်အတူ ကံ့ကော်ပန်းများ လက်ဆောင်ပေးခြင်း၊ ဘုရားလှူခြင်းများအတွက် ဝယ်ယူသူများပြားလာပြီး ဈေးကွက်၌ လက်ဆောင်ပန်းစည်းများအတွက် အော်ဒါများလည်း တိုးတက်လာကြောင်း ပန်းရောင်းချသူများက ဖော်ပြထားကြသည်။ကံ့ကော်ပန်းများ၏ ဈေးနှုန်းသည် တစ်ပွင့် ၁၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိသဖြင့် အချိန်နည်းနည်းသာလျှင် ပန်းများရောင်းချသူများ၏ စျေးနှုန်းများပြန်တက်လာခဲ့ကြောင်းလည်း သတင်းရရှိပါသည်။


news-view-count-icon

20