back

ပြည်မြို့ဆယ်ထပ်ကြီးဘုရားနောက်ကျောက သန္ဓေပင်ရပ်ကွက်မှာ လူရိုက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့

Apr 09 • 3:18 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပြည်မြို့ဆယ်ထပ်ကြီးဘုရားနောက်ကျောက သန္ဓေပင်ရပ်ကွက်မှာ လူရိုက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ပြည်မြို့ ဆယ်ထပ်ကြီးဘုရားနောက်ကျောက သန္ဓေပင်ရပ်ကွက်မှာ လူရိုက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ပါတယ်။ဧပြီလ ၈ရက်နေ့က ပြည်မြို့ ဆယ်ထပ်ကြီးဘုရားနောက်ကျော ...

ပဲခူးတိုင်း၊ပြည်မြို့ ဆယ်ထပ်ကြီးဘုရားနောက်ကျောက သန္ဓေပင်ရပ်ကွက်မှာ လူရိုက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ပါတယ်။ဧပြီလ ၈ရက်နေ့က ပြည်မြို့ ဆယ်ထပ်ကြီးဘုရားနောက်ကျော သန္ဓေပင်ရပ်ကွက်ရဲ့ တရုတ်သုဿာန် အနီးမှာ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အသက်၂၀ ခန့် အမျိုးသား နှစ်ဦးက လုယက်ခဲ့တာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ဆိုင်ကယ် အလုခံရတဲ့ လူငယ်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေသူဖြစ်ပြီး အလုပ်ကနေ ပြန်လာချိန်မှာ အခုလို လုယက်ခံခဲ့ရကာ ဒဏ်ရာများရရှိခဲ့တာကြောင့် ပြည်မြို့ ကုတင်ငါးရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ယခုဖြစ်စဥ်အပေါ် မိသားစုက ပြည်မြို့ အမှတ် ၂ မြို့မ ရဲစခန်းမှာ လူရိုက်မှုအဖြစ်ဖွင့်လှစ်ထားတယ်လို့ နစ်နာသူရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။



news-view-count-icon

16