ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းအနီး ပင်လယ်ပြင်တွင် ဧပြီ ၈ ရက်နေ့က မြန်မာငါးဖမ်းလှေတစ်စီးအား ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့နှင့် လေကြောင်းကင်းထောက်တပ်ဖွဲ့တို့က စစ်ဆေးရာတွင် ပေါက်ကွဲနိုင်သည့် လက်နက်များ ထုတ်လုပ်ရာ၌ အသုံးပြုနိုင်သည့် ဓါတုပစ္စည်းအမှုန့်များ သယ်ဆောင်လာသည်ကို တွေ့ရှိပြီး ထိန်းသိမ်းစစ်ဆေးနေသည်။ ထိုဓါတုပစ္စည်းများကို ရနောင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ပို့ဆောင်ရန်ဖြစ်ကြောင်းသိရပြီး ထိုင်း-မြန်မာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအတွင်း တားမြစ်ထားသည့်ပစ္စည်းများ သယ်ဆောင်မှုအဖြစ် သံသယစိတ်ဖြင့် စုံစမ်းဆောင်ရွက်နေသည်။



