(၈-၄-၂၀၂၅) ရက်နေ့၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး မီးလောင်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မြောက်ပြင်ရပ်ကွက်ရှိ ရွှေကျင်မင်းကင်းကျောင်းတိုက် ငလျင်ယာယီဘေးရှောင် စခန်းတွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၃၂)စုတို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများမှ အိမ်ထောင်စု (၁)စုလျှင် ကူညီထောက်ပံ့ငွေ ၁၀၀,၀၀၀ကျပ်နှင့် အတူအခြား ထောက်ပံ့ပစ္စည်းများ ဖြစ်သော ခြင်ထောင်၊ ငါးသေတ္တာဘူးများ၊ ဓာတ်ဆား၊ လက်ဖက်အစုံ၊ ငါးပိဘူး၊ ကွတ်ကီးမုန့်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအား ပေးအပ် လှူဒါန်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မြောက်ပြင်ရပ်ကွက်ရှိ ရွှေကျင်မင်းကင်းကျောင်းတိုက် ငလျင်ယာယီဘေးရှောင် စခန်းရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၃၂)စုကို ထွန်းကိုကို မှ လှူဒါန်းခဲ့
Apr 09 • 3:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


