back

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မကျည်းရွက်တတ်ခူးတဲ့ အမျိုးသမီးတစ်ဦး အပင်ပေါ်မှပြုတ်ကျပြီး သေဆုံးမှုဖြစ်ပွား

Apr 09 • 2:48 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မကျည်းရွက်တတ်ခူးတဲ့ အမျိုးသမီးတစ်ဦး အပင်ပေါ်မှပြုတ်ကျပြီး သေဆုံးမှုဖြစ်ပွား

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရပ်ကွက် (၁)၊ ဘုရားကြီးလမ်း မိုးကောင်းဘုရားအနီးရှိ မန်ကျည်းပင်ပေါ် ကို မကျည်းရွက်တတ်ခူးတဲ့ အမျိုးသမီးတစ်ဦး ပြုတ်ကျပြီးသေဆုံးမှုဖြစ်...

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရပ်ကွက် (၁)၊ ဘုရားကြီးလမ်း မိုးကောင်းဘုရားအနီးရှိ မန်ကျည်းပင်ပေါ် ကို မကျည်းရွက်တတ်ခူးတဲ့ အမျိုးသမီးတစ်ဦး ပြုတ်ကျပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ဧပြီလ ၆ ရက် နေ့လည် ၁၁ နာရီခွဲကျော်အချိန်တွင် အမျိုးသမီးတစ်ဦး မကျည်းရွက်တတ်ခူးရာမှ အပင်ပေါ်မှပြုတ်ကျခဲ့တဲ့အတွက် ဦးခေါင်းထိခိုက်သွားခဲ့ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ပရဟိတနာရေးကူညီမှုအသင်း သဲကုန်းအသင်းယာဉ်ဖြင့် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြကာအမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ပြည်မြို့ ကုတင်(၅၀၀)ခရိုင် ပြည်သူ့ဆေးရုံသို့ အရေးပေါ်လွှဲပြောင်း ကူညီပို့ဆောင်ပေးခဲ့ကြပေမယ့် ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွား ခဲ့ရပြီးအဆိုပါရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် သဲကုန်းမြို့ ကျောင်းကုန်းရပ်ရှိ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူ အမျိုးသမီးမှာ အသက် (၅၅) နှစ်ရှိပြီဖြစ်ပါတယ်။

news-view-count-icon

10