မတ် ၂၈ ရက်က မန္တလေးဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပြီးတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ချို့ယွင်းပျက်စီးခဲ့သည်။ ထိုအတွက် မိုဘိုင်းအော်ပရေတာများက ပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၆ ရက်အထိ စုစုပေါင်း ၅,၉၉၉ စခန်း ပြုပြင်ပြီးဖြစ်သည်။ ကျန်ရှိသည့် စခန်း ၇၃၁ ခုအနက် MPT ၆၂ ခု၊ Atom ၂၃၇ ခု၊ Ooredoo ၁၆၄ ခုနှင့် Mytel ၂၆၈ ခုဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက် ၁၅ ခုသည် မတ် ၃၁ ရက်တွင် မန္တလေးနှင့် နေပြည်တော်စာတိုက်ကြီးအပါအဝင် ပြန်လည်လည်ပတ်လာပြီဖြစ်သည်။



