မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျမှုအတွင်း ပိတ်မိနေသူများအား ဆက်လက်ရှာဖွေနေရာ ၂၀၂၅ ခုနှစ် ဧပြီလ (၈)ရက်နေ့ ညနေပိုင်းအချိန်ထိ သေဆုံးသူ (၄)ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။ငလျင်ကြောင့် ပြိုကျသည့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa အတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြရာ ကလေးတစ်ဦး အပါအဝင် အမျိုးသား (၃)ဦး၏ ရုပ်အလောင်းများကို တွေ့ရကြောင်း မီးသတ်တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။အလားတူ ငလျင်ကြောင့် ပြိုကျထားသည့် မန္တလေးမြို့၊ ၄၁လမ်း၊ ၈၃×၈၄လမ်းကြားရှိ Win Star Hotel အပျက်အစီးများအောက်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ညနေပိုင်းတွင် တွေ့ရသည်ဟု သိရသည်။



