အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အစိုးရ၏ ခြိမ်းခြောက်မှုကြောင့် အီရတ်ရှိ အီရန် ကျောထောက် နောက်ခံပြု အင်အားကြီး ပြည်သူ့စစ်အဖွဲ့များက ပထမဆုံးကြိမ်အဖြစ် လက်နက်ချရန် ပြင်ဆင်နေသည်ဟု အကြီးတန်းတပ်မှူး ၁၀ ဦးနှင့် အီရတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဇန်နဝါရီလကတည်းက အမေရိကန် တာဝန်ရှိသူများသည် အီရတ်အစိုးရကို သီးသန့်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်း နေကြခြင်းဖြစ်သည်ဟု အဓိကပြည်သူ့စစ်တပ်ဖွဲ့လေးဖွဲ့မှ ဒေသခံတပ်မှူး ၆ ဦး အပါအဝင် သတင်းအရင်းအမြစ် များက ပြောကြားခဲ့သည်။



