အမွှေးရှည်ဆင်ကြီးရဲ့ ရုပ်ကြွင်းတွေကို ရှားရှားပါးပါး တွေ့ရှိခဲ့ရာမှာ ရှေးခေတ်လူသားတွေ ဘယ်လိုမျိုး အမဲလိုက်လဲဆိုတာကို သိရှိလာရပါတယ်။ ဩစတြီးယားအောက်ပိုင်း Langmannersdorf an der Perschlingမှာ သိပ္ပံပညာရှင်တွေက သက်တမ်းနှစ် ၂၅,၀၀၀ ခန့်ရှိတဲ့ ဧရာမအမွှေးရှည်ဆင်ကြီး ၅ ကောင်ရဲ့ ရုပ်ကြွင်းတွေကို တူးဖော်ရရှိခဲ့ပြီး ရှေးခေတ်လူသားတွေ အမဲလိုက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ပုံစံ မြင်တွေ့ရပါတယ်။



