မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၇ ရက်နေ့တွင် ငွေလဲနှုန်း ၃၆၀၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာသန်း ၄၀ ကို ထုတ်ရောင်းခဲ့ပါတယ်။ ထို့အပြင် ငွေလဲနှုန်း ၁၂၉.၇ ကျပ်နဲ့ ထိုင်းဘတ် ၆.၀၅၉ သန်းလည်း ရောင်းပေးခဲ့ကြောင်း သိရပါသည်။ ထိုနေ့တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၄၉.၃၂၆ သန်း၊ တရုတ်ယွမ် ၆.၄၄၂ သန်း၊ ထိုင်းဘတ် ၅၁.၁၅၇ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း ဖော်ပြပါသည်။



