ယနေ့မနက်မြန်မာစံတော်ချိန် ၁၁:၄၉ နာရီအချိန်က မန္တလေးမြို့မှအရှေ့ဘက်ပိုင်း၊ ပြင်ဦးလွင်မြို့အနောက်ဘက်၊ မတ္တရာမြို့အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ် မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၄.၃ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားခဲ့သည်။ အဆိုပါမြေငလျင်လှုပ်ရှားပြီးနောက် အနည်းငယ်အကြာမှာ ၁၂:၄၂ နာရီအချိန်က အနီးစခန့်အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာက တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၅ အဆင့်မြေငလျင်ထပ်မံလှုပ်ရှားသွားပါသည်။



