ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အနီး အန်ထောင်တွင်ရှိသော ထိုင်းရတ်ဝိထယာကျောင်းအုပ်ဆရာမကြီး ကန်လယာ ထာစုံသည် မြန်မာကျောင်းသား ၁၂၆ ဦးအား စာသင်ကြားပေးမှုကြောင့် ထိုင်းအာဏာပိုင်များက ဧပြီ ၇ ရက်တွင် တရားစွဲဆိုခဲ့သည်။ဆရာမက “ကလေးငယ်များကို စာသင်ပေးခြင်းသည် လူသားချင်းစာနာမှုတစ်ခုဖြစ်သည်” ဟုပြောကြားခဲ့ပြီး၊ ထိုင်းလူမျိုးများက အလုပ်မလုပ်တော့သဖြင့် နယ်စပ်အလုပ်သမားများအပေါ် များစွာ မူတည်လာကြောင်းလည်း ဖော်ပြထားသည်။ဥပဒေအရဖြေရှင်းရန်အတွက် ရှေ့နေနှင့် တိုင်ပင်လျက်ရှိပြီး၊ မြန်မာကျောင်းသားများအတွက် ဆက်လက်ရပ်တည်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။



