back

ဂျပန်နိုင်ငံက ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် COE သက်တမ်းကို ၆ လအထိတိုးပေး

Apr 08 • 8:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဂျပန်နိုင်ငံက ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် COE သက်တမ်းကို ၆ လအထိတိုးပေး

စစ်ကိုင်းပြတ်ရွေ့ငလျင်ဒဏ်ကြောင့် မြန်မာအလုပ်သမားဝန်ကြီးဌာန၏ OWIC ကတ်ထုတ်ပေးသည့်လုပ်ငန်းစဉ် နှောင့်နှေးနေသည့်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ...

စစ်ကိုင်းပြတ်ရွေ့ငလျင်ဒဏ်ကြောင့် မြန်မာအလုပ်သမားဝန်ကြီးဌာန၏ OWIC ကတ်ထုတ်ပေးသည့်လုပ်ငန်းစဉ် နှောင့်နှေးနေသည့်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ဗီဇာရရှိထားသူများနှင့် မှီခိုနေထိုင်ခွင့်ဗီဇာရရှိထားသူများအတွက် COE သက်တမ်းကို (၆)လအထိတိုး၍ ခွင့်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ၂၀၂၅ ခုနှစ် ဧပြီလ (၈)ရက်နေ့တွင် ကြေညာသည်။ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်-Certificate of Eligibility(COE) သက်တမ်းကို ယခင်က (၃)လသာ ခွင့်ပြုပြီး အဆိုပါခွင့်ပြုကာလအတွင်း ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားကာ ထွက်ခွာကြရခြင်းဖြစ်သည်။


news-view-count-icon

24