နော်ဝေဘောလုံးကလပ်အသင်းဖြစ်တဲ့ SK Brann ဟာ ယူအီးအက်ဖ်အေကချမှတ်ထားတဲ့ ပရိသတ်များရဲ့ရန်လိုမှုများ ကြောင့် ချမှတ်ထားတဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အားကစားဆိုင်ရာတရားစီရင်ရေးခုံရုံးဖြစ်တဲ့ CAS ကိုအယူခံတင်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ပြစ်ဒဏ်ကိုကျခံစရာမလိုတော့ကြောင်းသိရပါတယ်။ SK Brann အသင်းဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ အမျိုးသမီးချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းကိုအားပေးတဲ့ပရိသတ်များအနေနဲ့ ရန်လိုတဲ့စာတမ်းများကို ကိုင်ဆောင်ကာအားပေးခဲ့တာနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ် ပါတယ်။



